Skip to main content

Posts

Showing posts from August, 2009

မေဆွိနှင့် အတူ ဆိုကြမယ် ပျော်ကြမယ်

ဒီတလော ပျင်းနေတာနဲ့ ဘာမှ မရေးဖြစ်တာ ကြာလှပေါ့..။ အင်းလေ ကိုယ့်ဘလော့ဂ်က ကိုယ့်အတွက် အပျင်းပြေ တည်ဆောက် ပြုပြင် ဖျက်သိမ်းနေတာဆိုတော့..၊ ငါ ဘုရင် ဘယ်နှစ်ခါ ပတ်ပတ် မပတ်ပတ် ကိစ္စမရှိပါဘူးလေ..။ ကိုဇာနည် ကလည်း ငါသာလျှင် ငါ့ဘလော့ဂ်ရဲ့ အရှင်သခင် လို့ဆိုထားတာလည်း ရှိသေး.. မဟုတ်လား။ ဒါပေမဲ့ ရေးဖို့ စိတ်ဆန္ဒက အမြဲ မဟုတ်တောင် ကျိုးကြား ကျိုးကြားတော့ ပေါ်လာတတ်ပါတယ်..။ ပြီးတော့မှ ကုန်ကျမဲ့ အချိန်အတွက် ရင်လေးပြီး၊ ဖတ်နေကျ ဘလော့ဂ်တကာ လျှောက်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်ရပြန်ပါတယ်..။ ဒါနဲ့ပဲ အသက်တွေကြီး.. (ရေတွေထိုးပြီး) အချိန်တွေစီး လာတယ်နဲ့ တူရဲ့...။ ပြီးခဲ့တဲ့ အပတ် သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့မှာတော့ အားနာရမဲ့သူ တွေ ကြောင့် မေဆွိရဲ့ " တကိုယ်တော် " သီချင်းဆိုပွဲကို ရောက်ဖြစ်ခဲ့တယ်..။ ဒါပေမဲ့ အားမနာတတ်တဲ့ လူတစု ကြောင့် စိတ်လက်မကြည်မသာ အတော်ဖြစ်ခဲ့ရတယ်..။ ဘာကြောင့်လဲဆိုတာတော့ မမေးပဲ၊ အတွေးပွားဘို့ ပွဲလက်မှတ်ပေါ်က ကြော်ငြာစာသားလေး သက်သေပြုရင်း..၊ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ကို မဆွေ (မေဆွိ) ပရိဿတ် တချို့ အတွက် အမှတ်တရ တင်ပေးလိုက်ပါရစေ..။ တွေ့တယ် မှုတ်လား လက်မှတ်ပေါ်မှာ ရေးထားတာ.. ဆိုကြမယ် ပျော်ြ