Skip to main content

Posts

Showing posts from October, 2010

YouTube ပေါ်က အင်္ဂလိပ်သီချင်းဟောင်းများ

ငယ်စဉ်က နားစွဲခဲ့ပြီး ယနေ့တိုင် နားထောင်လို့ မရိုးနိုင်သေးတဲ့ လွမ်းဆွတ်တမ်းတဖွယ် အင်္ဂလိပ်တေးသီချင်းဟောင်း ၁၀၀ကျော်ရဲ့ ယူကျုလင့် (YouTube links)တွေကို တိုင်ဝမ်က ငယ်သူငယ်ချင်းဟောင်း တယောက်က အီးမေးလ်နဲ့ ပို့ပေးလာတယ်။ အဲ့ဒီထဲက တချို့တွေကို အရမ်းကြိုက်လို့ ကိုယ်တိုင်လဲ အမြဲနားထောင်လို့ရအောင် စိတ်ကူးပြီး ဒီပို့စ်လေး ဖန်တီးဖြစ်တယ်..။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေ ထပ်တွေ့လာခဲ့ရင်လည်း ထပ်ဆက်လို့ ရတာပေါ့။ ၀၀၁။ ။ The River of No Return : Marilyn Monroe ၀၀၂။ ။ Sound Of Silence : Simon & Garfunke ၀၀၂။ ။ Sound Of Silence (Native American's Pan flute) ၀၀၃။ ။ Rhythm Of the Rain: Johnny Tillotson ၀၀၄။ ။ The End Of the World : Skeeter Davis ၀၀၄။ ။ The End Of the World : Lobo ၀၀၅။ ။ Que Sera Sera : Doris Day ၀၀၅။ ။ Que Sera Sera : Connie Francis ၀၀၆။ ။ Tie A Yellow Ribbon Round The Ole Oak Tree : Tony Orlando & Dawn ၀၀၇။ ။ Morning Has Broken : Cat Stevens ၀၀၈။ ။ San Francisco : Scott McKenzie ၀၀၉။ ။ Suspicion : Terry Stafford (1964) ၀၀၉။ ။ Suspicion : Elvis P

Cambodian Buddhist Temple

ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း ပြီးခဲ့တဲ့လ စက်တင်ဘာတုန်းက ဆန်ဖရန်စစ်စကိုမြို့နဲ့ ၈၃ မိုင်လောက်ဝေးတဲ့ စတော့တန်မြို့( Stockton, California ) က အသိမိတ်ဆွေတဦးဆီ အလည် သွားရင်း အလျဉ်းသင့်လို့ အဲ့ဒီမြို့မှာရှိတဲ့ ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း ( Cambodian Buddhist Temple )ကို ဝင်ရောက်ဖူးမျှော် လည်ပတ်ခဲ့တယ်။ ကိုယ့်ချက်ကြွေ အစွန့်ပစ်ခံ ရန်ကုန်မြို့က မြောက်ဥက္ကလာပမှာရှိတဲ့ မယ်လမုဘုရား နဲ့ အတော်တူလို့ လွမ်းဆွတ် သတိရမိပါသေးတယ်..။ ရာသီကလည်း နွေလည်ခေါင်မှာမို့ ခြောက်သွေ့ပူပြင်းလို့ တကယ့်ရန်ကုန်ကို ခဏရောက်သွားသလိုပါပဲ။ လွမ်းမိတယ် တချိန်က ရန်ကုန်လေးရယ်...။ ကျောင်းမျက်နှာစာနဲ့ အ ဝင်ဝ ရုပ်တုပေါင်း ၉၀ ကျော်ရှိတယ်တဲ့..။ ဗုဒ္ဓနဲ့ အဂုင်္လိမာလ သိဒ္ဓတ္ထ မင်းသား ဆံပယ်တော်မူပုံ နှင့် ဗုဒ္ဓ မဖြစ်မီ ဒုက္ခစရိယာကျင့်စဉ်ပုံ .................................................................................သိန္ဓောမြင်းလား မသိ.. ကမ္ဘောဒီးယား (ခမာ)မူလက်ရာ ရုပ်ထု ဝတ်ပြုဆောင်နဲ့ အထဲက ကြေးဆင်းတုတော် ဝတ်