Skip to main content

Posts

Showing posts from May, 2011

Soul mates ဆိုတာ.....

Soul mates ဆိုတာ..... အိမ်ထောင်သည်တိုင်း ဆိုးလ်မိတ်ဖြစ်နိုင်ပါသလား...။ သေချာတာ တခုက ဆိုးလ်မိတ်တိုင်း အိမ်ထောင်သည်ဖြစ်လာကြတာတော့ မဟုတ်ဘူး။ soul mate ဖြစ်ဘို့ ဘာတွေ အရေးကြီးသလဲ ဘာတွေ လိုအပ်မလဲ...။ တိတိကျကျကြီးတော့ နားမလည်ထားဘူး.. ပညာရှင်လဲ မဟုတ်တော့ သူများတွေရဲ့ ထွက်ဆိုချက်တွေကို အလေးမထားချင်ဘူး..။ ကိုယ့်ခံယူချက် အတွေ့အကြုံတွေနဲ့ပဲ ချိန်ထိုးကြည့်ချင်ပါတယ်..။ soul mate ဆိုတာ ယောင်္ကျားနဲ့ မိန်းမပဲ ဖြစ်ရမယ်လို့တော့ လှေနံ ဓားထစ် ကိုယ် မယူဆဘူး။ ဒါဆို နယ်က သိပ်ကျဉ်းသွားပြီ။ ယောင်္ကျားသူငယ်ချင်း အချင်းချင်း၊ မိန်းမသူငယ်ချင်း အချင်းချင်းလဲ soul mates တွေဖြစ်နိုင်တာပဲလေ။ အသက်အရွယ် တူချင်တူမယ်.. ကွာချင်ကွာမယ်.. ကလေးနဲ့ လူကြီး လဲဖြစ်ချင် ဖြစ်နိုင်သေးတာပဲလို့ အတွေးပွားမိတယ်။ ကိုယ်လည်း ဘဝတခုလုံးရဲ့ တဝက်ခရီး ကျိုးလာတာတောင် soul mate တကယ် မရှိခဲ့ဖူးပါဘူး..။ နို့ မမျှော်လင့်ပဲ နေပါ့ မလား..။ အိမ်ထောင် မကျခင်တုန်းကလဲ အရမ်း မျှော်လင့်ခဲ့တာပေါ့..။ အိမ်ထောင်ကျပြီးတော့လဲ... ကာလ တခုထိ မျှော်လင့်ခဲ့တာပဲ..။ ၁၀ စုနှစ် တခု အပြီးမှာမှ မတ်တတ်ရပ်ရင်းကို မေ့ပစ်လိုက်ရတော့တာ..။ အခုတော့ soul mate လေး ရေး