Skip to main content

Posts

Showing posts from April, 2012

မြန်မာနှစ်သစ်ဆုတောင်း (သို့) ယိုးဒယားကို အမီလိုက်မယ်ဆိုရင်...

ဒီပို့စ်ကို ရေးမယ်ဆိုတုန်းက ခေါင်းစဉ်ကို "ယိုးဒယားကို အမီလိုက်မယ်ဆိုရင်..." လို့ ပေးမလို့ ရွေးခဲ့ပါတယ်။ ရေးဖြစ်ဖို့ တွန်းအားတခုကတော့ လွန်ခဲ့တဲ့ အပတ် သင်္ကြန်မတိုင်ခင် ဧပြီ ၁၀ ရက်နေ့က ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းက သတင်းတိုလေး တပိုင်းတစလေးကို ဖေ့စ်ဘွတ်ပေါ် ဖတ်မိပြီးတဲ့အခါမှာပါ။ နောက်မှ သိရတာက အဲဒါက သတင်းမဟုတ်ပဲ အင်တာဗျူးတခုထဲက ကောက်နှုတ်ချက် ဆိုတာပါ။ ထုံးစံအတိုင်း နေ့ရွှေ့ညရွှေ့နဲ့ မရေးဖြစ်ခဲ့ပဲ ခုသင်္ကြန်ကျော်လို့ နှစ်ဆန်းတစ်ရက်နေ့ကိုတောင် ၂ ရက်စွန်းလာပြီလေ။ မြန်မာနှစ်ဆန်း တစ်ရက်နေ့က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ဆိုတော့ အဲဒီတုန်းက အများနည်းတူ နှစ်သစ်ဆုတောင်းလေးကို ဖေ့စ်ဘွတ်က ကိုယ့်နံရံပေါ်မှာ ခေတ်မီအောင် ဆုတောင်းခဲ့ပါတယ်။ မမူယာဆိုတဲ့ ညီမငယ်လေးကို ကွန်းမင့်စာ ပြန်ခဲ့တုန်းကလည်း ဆုတောင်းခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျနော်တို့ ချစ်ရတဲ့ မြန်မာပြည်ကြီး ကျန်းမာဖို့ လူသိအောင်ကော လူမသိပဲနဲ့ပါ ပြင်းရှတဲ့ အတ္တစိတ်နဲ့ အမြဲလိုလို ဆုတောင်းဖြစ်ခဲ့ပါတယ်။ ခုလည်း ကိုယ့်ဘလော့ဂ်ပေါ်မှာ နေ့ရွှေ့ညရွှေ့နဲ့ မရေးဖြစ်ခဲ့တဲ့ "ယိုးဒယားကို အမီလိုက်မယ်ဆိုရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ယှဉ်တွဲပြီး  မြန်မာနှစ်သစ် ဆုတောင်း