Skip to main content

Posts

A Song Honoring Daw Aung San Suu Kyi

"ဒေါ်စု" အတွက် ဂုဏ်ပြုတေးတပုဒ် တေးရေး ကိုကို တေးဆို ကိုစု

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ...

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...

မေဆွိနှင့် အတူ ဆိုကြမယ် ပျော်ကြမယ်

ဒီတလော ပျင်းနေတာနဲ့ ဘာမှ မရေးဖြစ်တာ ကြာလှပေါ့..။ အင်းလေ ကိုယ့်ဘလော့ဂ်က ကိုယ့်အတွက် အပျင်းပြေ တည်ဆောက် ပြုပြင် ဖျက်သိမ်းနေတာဆိုတော့..၊ ငါ ဘုရင် ဘယ်နှစ်ခါ ပတ်ပတ် မပတ်ပတ် ကိစ္စမရှိပါဘူးလေ..။ ကိုဇာနည် ကလည်း ငါသာလျှင် ငါ့ဘလော့ဂ်ရဲ့ အရှင်သခင် လို့ဆိုထားတာလည်း ရှိသေး.. မဟုတ်လား။ ဒါပေမဲ့ ရေးဖို့ စိတ်ဆန္ဒက အမြဲ မဟုတ်တောင် ကျိုးကြား ကျိုးကြားတော့ ပေါ်လာတတ်ပါတယ်..။ ပြီးတော့မှ ကုန်ကျမဲ့ အချိန်အတွက် ရင်လေးပြီး၊ ဖတ်နေကျ ဘလော့ဂ်တကာ လျှောက်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်ရပြန်ပါတယ်..။ ဒါနဲ့ပဲ အသက်တွေကြီး.. (ရေတွေထိုးပြီး) အချိန်တွေစီး လာတယ်နဲ့ တူရဲ့...။ ပြီးခဲ့တဲ့ အပတ် သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့မှာတော့ အားနာရမဲ့သူ တွေ ကြောင့် မေဆွိရဲ့ " တကိုယ်တော် " သီချင်းဆိုပွဲကို ရောက်ဖြစ်ခဲ့တယ်..။ ဒါပေမဲ့ အားမနာတတ်တဲ့ လူတစု ကြောင့် စိတ်လက်မကြည်မသာ အတော်ဖြစ်ခဲ့ရတယ်..။ ဘာကြောင့်လဲဆိုတာတော့ မမေးပဲ၊ အတွေးပွားဘို့ ပွဲလက်မှတ်ပေါ်က ကြော်ငြာစာသားလေး သက်သေပြုရင်း..၊ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ကို မဆွေ (မေဆွိ) ပရိဿတ် တချို့ အတွက် အမှတ်တရ တင်ပေးလိုက်ပါရစေ..။ တွေ့တယ် မှုတ်လား လက်မှတ်ပေါ်မှာ ရေးထားတာ.. ဆိုကြမယ် ပျော်ြ...

အလွန်ကြိုက်ခဲ့တဲ့ သီချင်းတပုဒ်

မိတ်ဆွေတို့ ရေချိုးရင်း သီချင်းဆိုညည်းလေ့ ရှိကြသလား။ ကျနော်ကတော့ စိတ်ရွှင်နေရင် ရေချိုးရင်း သီချင်းညည်းဆိုလေ့ ရှိပါတယ်။ အသံကောင်း အဆိုကောင်း မဟုတ်ပေမဲ့ စိတ်ပျော်နေတဲ့အခါ အလိုလိုလုပ်မိတာပါ။ (အဲ.. အိမ်မှာ ဧည့်သည်ရှိရင်တော့ ရေချိုးရင်း ဘယ်ဆိုပါ့မလဲဗျာ...ဧည့်သည်ကို ဧည့်ခန်းထဲမှာ ကာရာအိုကေနဲ့ အကျအန နှိပ်စက်ကလူ ပြုလိုက်မှာပေါ့) ဒီနေ့ စိတ်ရွှင်လို့ထင်ပါရဲ့.. ရေချိုးရင်း မဆိုတာကြာပြီဖြစ်တဲ့ သီချင်းတပုဒ် အမှတ်မထင် ဟဲလိုက်မိတယ်။ ဒါပေမဲ့ သီချင်းရဲ့ခေါင်းစဉ်ကို စဉ်းစားလို့ မရတာနဲ့၊ ဝိုင်းခေါင်းစားပေးဖို့ ဘလော့ဂ်ပေါ် တင်လိုက်မိပါတယ်..။ ဒီသီချင်းကို ဟိုးငယ်ငယ်တုန်းက အတော်လေး နှစ်ချိုက်မိခဲ့လို့၊ (အဲ့ဒီတုန်းကလည်း ကိုယ့်ကိုကိုယ် ကဗျာဆန်ဆန် အညတရလိုလို လူ့ငမွဲလိုလို သိမ်ငယ်သလိုလို ခံစားခဲ့ရဖူးလို့ပါ) စာသားအားလုံး(နီးပါး) အလွတ်ရနေဆဲပါ.. ချရေးကြည့်လိုက်တယ်..။ အဆိုတော်က "စိုင်းဆိုင်မောဝ်"လို့ မှတ်မိတယ်..။ ရေးသူကို မသိခဲ့သလို ခေါင်းစဉ်လဲ မေ့နေပါတယ်။ ဝိုင်းစဉ်းစား ပေးကြပါဦးဗျာ။ ဒီလောက်ကောင်းတဲ့ သီချင်းကို ခုခေတ် ပြန်ဆိုတွေ ဘာကြောင့်များ ပြန်မဆိုကြပါလိမ့်လို့လည်း ပွားမိလိုက်သေးတယ်..။ ကဲ..သီချင်း...

ဘိုထိုင်အိမ်သာ ကျင့်ဝတ်များ

အလုပ်နဲ့ပတ်သက်တဲ့ ဌာနတခုရဲ့ ရေအိမ်သာထဲမှာ ချိတ်ထားတာလေး ဖတ်မိပြီး၊ သဘောကျလို့ ဝေမျှလိုက်ပါတယ်။ ဘိုထိုင်အိမ်သာတွေမှာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေပါ။ ဘိုထိုင်အိမ်သာနဲ့ ကျင့်သား မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်သလို၊ ကျင့်သားရှိပြီးသူတွေလည်း လိုက်နာသင့်တဲ့အချက်တွေပါ။ ကဲ..နှာခေါင်းလေး ပိတ်ပြီး ဖတ်မယ်။ Bathroom Etiquette သန့်စင်ခန်း ကျင့်ဝတ်များ 1. After use with seat in ' down ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အကျ(အထိုင်) ' အနေအထား၌ အသုံးပြုပြီးနောက်.. Lift seat and examine all areas of commode including the under side of the seat. အထိုင်ကိုမတင်လျက် အထိုင်အောက် မျက်နှာပြင်အပါအဝင် အိမ်သာအိုးနေရာအနှံ့ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။ Using special toilet cloth wipe (or brush), clean all residue from surfaces. အိမ်သာသုံးစက္ကူကို အသုံးပြုလျက် နေရာအနှံ့ရှိ အစွန်းအထင်းများကို သုတ်သင်ရှင်းလင်းပါ။ 2. After use with seat in ' up ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အတင် ' အနေအထား၌ အသုံးပြုပြီးနောက်.. Examine ...

ရွှေပြည်တော်ကြီး မဆိုက်မီ

မိုးဆက် ဇူလိုင် ၁၂၊ ၂ဝဝ၅ တလောတုန်းက မိတ်ဆွေစာရေးဆရာတစ်ဦးက သူ့ရဲ့ အင်တာဗျူးဆောင်းပါးတစ်ပုဒ်မှာ Civic-minded ဆိုတဲ့ အင်္ဂလိပ်စာလုံးကို အဓိပ္ပာယ်မပြန်ဘဲ မြန်မာစာလုံးတွေကြားမှာ ခပ်တည်တည် ညှပ်ရေးလိုက်တဲ့အတွက် ဖတ်ရင်း ဘဝင်မကျ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ခင်မင်ရင်းစွဲရှိတာကြောင့် အဲဒီမိတ်ဆွေ စာရေးဆရာကို ရင်းနှီးစွာ အပြစ်ဆိုခဲ့မိပါတယ်။ ဘာကြောင့် မြန်မာလို တိတိကျကျ ဘာသာမပြန်ရတာလဲလို့လည်း ဆရာလုပ် မေးမိပါတယ်။ ပြီးတော့ အဲဒီစကားလုံးကို မြန်မာလို အဓိပ္ပာယ်အတိအကျ ပြန်ဖို့ သူနဲ့ အကျယ်တဝင့် ဆွေးနွေးမိပါသေးတယ်။ ဒါပေမယ့်လည်း စကားလုံးက တိုသလောက် အဓိပ္ပာယ်က နက်နဲကျယ်ဝန်းလွန်းတော့ ဘာသာပြန်ဖို့ မြန်မာစကားလုံးတိုတို ရှာမတွေ့ခဲ့ကြပါဘူး။ ဒီတော့မှ ဘာသာစကားအသီးသီးမှာ ရှည်လျားတဲ့သမိုင်းဖြစ်စဉ်၊ ခြားနားတဲ့ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေအရ အဓိပ္ပာယ်ထပ်တူ မရှိနိုင်တဲ့ စကားလုံးတွေ အများကြီးရှိနိုင်ပါလားလို့ အတွေးဝင် လက်ခံနေမိပါတယ်။ တဆက်တည်းမှာပဲ မြန်မာဘာသာစကားမှာရှိနေတဲ့ တိုတောင်းပြီး အဓိပ္ပာယ် ပြည့်ဝကျယ်ဝန်းတဲ့ စကားလုံး၊ စကားစု၊ စကားပုံတွေကိုပါ ဆက်ပြီး ဆင့်ပွား အတွေးများနေပါတော့တယ်။ တခါ...