Skip to main content

Posts

အမေဆုပ်တဲ့ ငါးဖယ်လုံး

ဒီနေ့ ရက်အားမို့ ထုံးစံအတိုင်း ဗမာဟင်းတွေချက်ဖြစ်တယ်။ နယ်ထားတဲ့ငါးဖယ်ကို မဆုပ်မလုံးတော့ပဲ ပြီးစလွယ် ကြော်နေရာက... အမေ့ကို ဖျတ်ကနဲ့ သတိရလိုက်ပြီး၊ လက်ကျန် ငါးနှစ်တွေကို သူဆုပ်လုံးလေ့ရှိတဲ့ ပုံသဏ္ဌာန်အတိုင်း ဆုပ်လုံးလိုက်တယ်။ ငယ်ငယ်တုန်းကတော့ ဂျီး(ကြေး)အလွန်များတဲ့သူဆိုတော့.. အခုလို ကဗျာမဆန်တဲ့ ပုံသဏ္ဌာန်ကြီးကို ဘယ်ကြိုက်လိမ့်မတုံး..။ အဒေါ်အငယ်ဆုံးလက်ရာ အပြားအဝိုင်းပုံမှကြိုက်တာ။ အမေ့ကို အဲ့ဒီလိုပုံမျိုး လိုက်တုခိုင်းတာ စိတ်မြန်လက်မြန်ရှိတဲ့ အမေက ဘယ်စိတ်ရှည်မတုံး။ အခုတော့လည်း... တခြားချက်ဖြစ်တဲ့ ဟင်းတွေ... ဒီနေ့ ချက်လိုက်တဲ့ ဟင်းတွေ ဒါအကုန်ပဲ..။ အစ်မလင်မယား နှစ်ယောက်ကို ညစာဖိတ်ကျွေးလိုက်တာ အားလုံး ထမင်းမြိန်ကြလို့ ကျေနပ်သွားတာပေါ့..။ ဒါကြောင့် မောတော့မောတာပေါ့.. ဒါပေမဲ့ မမောဘူး..ဟူး။ ။

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ဆောင်းပါးစုံ (မိုးမခ) အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျာ...

ကျေးဇူးတင်ပါတယ် အမေ

ဒီနေ့ဟာ အမေ သူ့အသက် ၂၆ နှစ်အရွယ်မှာ ကျနော့်ကို လူ့လောကထဲ ရောက်ရှိလာအောင် ခွန်အားကြီးမားစွာ စွမ်းဆောင်ခဲ့ရတဲ့ နေ့ (သို့မဟုတ်) လူအများ အလွယ်တကူ ပြောကြတဲ့ ကျနော့်မွေးနေ့ပေါ့။ အမေ မရှိပဲ မွေးနေ့ ဖြတ်သန်းလာခဲ့တာ လေးကြိမ်ရှိသွားပြီ။ အမေရှိစဉ်က ကျနော့်မွေးနေ့နဲ့ ကျနော့်အမေကို ဆက်နွယ်ပြီး သတိရ ရကောင်းမှန်း အသိအတွေး မရှိခဲ့တာ အမှန်ပါ။ ဒါကြောင့် အခုမှ တွေးမိတယ်...၊ 'အမေက မွေးပေးလို့သာ ဒီမွေးနေ့ဆိုတာကြီး ရှိလာရတာလို့...' ဘယ်သားသမီးကများ ကိုယ့်မွေးနေ့မှာ လေးလေးနက်နက် တွေးမိကြမှာပါလိမ့်..။ 'Happy Birthday!' လို့ ခင်မင်သူ မိတ်ဆွေတွေက ဆုတောင်းပေးကြတာကို မြိန့်မြိန့်ကြီး နားထောင်၊ ပျော်ရွှင်ရင်း ကိုယ့်ကို ပင်ပန်းကြီးစွာ မွေးဖွားပေးခဲ့တဲ့ ကိုယ့်အမေကို တဒင်္ဂလေး သတိရမိကြရဲ့လားလို့..။ ရှိစေတော့။ ဒီနှစ်မွေးနေ့အတွက် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးပျိုးထောင်နေတဲ့ 'ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ' ကို ရန်ကုန်မှာရှိတဲ့ တူတူမတွေကို အပူကပ်ပြီး အမေ့ကို ရည်စူးသတိရလျက် တဆင့်ငွေလှူဖြစ်လိုက်တယ်။ ရောက်ရာဘဝက သာဓုခေါ်ပါ အမေ...။ သားကို လူတလုံး သူတလုံးဖြစ်အောင် မွေးပေးခဲ့တဲ့ အမေ့ကို၊ သက်ရှိ...

အလှည့်ကျ မနွဲ့စတမ်း၊ အမေ့အတွက် ကဗျာ နှစ်ပုဒ်

အမေဆုံးတာ ဒီနေ့ ၃ နှစ်တင်းတင်းပြည့်ပြီ။ မနေ့ တနေ့ကလိုပဲလို့ ထင်မိတယ်။ နေ့တိုင်း နောင်တ တွေနဲ့ အမေ့ကို သတိရနေမိတယ်။ အမေက အသက် ၇၆ နှစ်ထဲပဲ နေသွားခဲ့ရတာ။ အလုပ်မှာ အသက် ၈၀ကျော် ၉၀ကျော် အဖိုး အဖွားေ တွ၊ တကိုယ်တည်း သန်သန်မာမာ ခရီးသွား တာ တွေ့ရရင် အမေ့အသက်နဲ့ နှိုင်းပြီး အမေ့ကိုလည်း သူတို့လို အသက်ရှည်ရှည် နေစေချင်လိုက်တာ။ ရံဖန်ရံခါ အမေ့ အနီးတဝိုက် လှဲလှောင်းနေတဲ့ လူတွေရဲ့ ကျောက်စာတိုင်တွေ လိုက်ဖတ်ပြီး၊ အမေ့သက်တမ်းနဲ့ တန်း လိုက်ညှိမိတယ်။ အမေ့ထက် သက်တမ်းကြာကြာ ပိုနေသွားရတဲ့သူတွေ တွေ့ရတဲ့အခါ၊ အမေ သူတို့လို သက်တမ်းစေ့ မနေလိုက်ရလေချင်းလို့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အမေ့ထက် သက်တမ်းပိုတိုတဲ့သူတွေ တွေ့ပြန်တော့လည်း ဖြေသာသလို အရှိသား။ တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေ တဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နေ...

A Song Honoring Daw Aung San Suu Kyi

"ဒေါ်စု" အတွက် ဂုဏ်ပြုတေးတပုဒ် တေးရေး ကိုကို တေးဆို ကိုစု

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ...

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...