Skip to main content

Posts

ခရမ်းသီးနှပ် နဲ့ ကြက်ဟင်းခါးသီးကြော်ချက်

ဘာလိုလိုနဲ့ ဘလော့ဂ်နဲ့ အဆက်ပြတ်တာ တနှစ်တောင် ရှိတော့မယ်။ ဖုန်ခါပြီး အလွယ်တကူ အသက်ပြန်သွင်းရမယ်။ မနက်ဖြန်လာမယ့် ဧည့်သည်ကို ဧည့်ခံဖို့ ဒီနေ့ ကြိုတင်ချက်ဖြစ်တဲ့ ဆင်တူ ဟင်း နှစ်မျိုးကို ဓာတ်ပုံတွေ ဝေဝေဆာဆာတင်ပြီး ဆားချက်လိုက်မှာပေါ့။ အဲဒါကြောင့် တဘက်က ချက်ရင်း တဘက်က ကင်မရာတကားကားနဲ့ ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ ရိုက်ရပါတော့တယ်။ ပို့စ်တင်ဖို့ sign-in လုပ်တော့ ဘလော့က ဧပြီလမှာ အသွင်တမျိုးနဲ့ ဆန်းသစ်မယ်ဆိုပဲ။ upgrade လုပ်ပါဆိုလို့ နှိပ်ပစ်လိုက်တယ်.. ဘာပုံစံထွက်လာမလဲ မသိဘူး။ ဒီပို့စ်တင်ပြီးမှ ကြည့်ရဦးမယ်..။ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ အလကားရတဲ့နွား သွားဖြဲကြည့်လို့ ရမလားဗျာ..   ကဲ.. ဟော့ဒီမှာ ကြက်ဟင်းခါးကြော်ချက် နဲ့ ခရမ်းသီးနှပ်...။ ပြင်ဆင် ချက်ပြုတ်တဲ့ အစီအစဉ်အလိုက် ပုံတွေကို အစဉ်လိုက် တင်လိုက်ပါတယ်။ ချက်စားမယ့် ခရမ်းသီး ၊ ကြက်ဟင်းခါးသီး နဲ့ ခရမ်းချဉ်သီး အ ရောင်စုံပေါ့။ ကြက်ဟင်းခါးသီး (၃ လုံး)ကို အမြှောင်းလိုက် ထက်ခြမ်းလှီး၊ အလယ်က အစေ့တွေခြစ်ထုတ်ပြီး ဒေါင်လိုက် စိပ်လိုက်ပါတယ်။ ခရမ်းသီး ( ၄ လုံး)ကို ၂ ပိုင်း ( သိပ်ရှည်နေရင်) ၃ ပိုင်းပိုင်းပြီး လေးစိပ်အမြှောင်...

Soul mates ဆိုတာ.....

Soul mates ဆိုတာ..... အိမ်ထောင်သည်တိုင်း ဆိုးလ်မိတ်ဖြစ်နိုင်ပါသလား...။ သေချာတာ တခုက ဆိုးလ်မိတ်တိုင်း အိမ်ထောင်သည်ဖြစ်လာကြတာတော့ မဟုတ်ဘူး။ soul mate ဖြစ်ဘို့ ဘာတွေ အရေးကြီးသလဲ ဘာတွေ လိုအပ်မလဲ...။ တိတိကျကျကြီးတော့ နားမလည်ထားဘူး.. ပညာရှင်လဲ မဟုတ်တော့ သူများတွေရဲ့ ထွက်ဆိုချက်တွေကို အလေးမထားချင်ဘူး..။ ကိုယ့်ခံယူချက် အတွေ့အကြုံတွေနဲ့ပဲ ချိန်ထိုးကြည့်ချင်ပါတယ်..။ soul mate ဆိုတာ ယောင်္ကျားနဲ့ မိန်းမပဲ ဖြစ်ရမယ်လို့တော့ လှေနံ ဓားထစ် ကိုယ် မယူဆဘူး။ ဒါဆို နယ်က သိပ်ကျဉ်းသွားပြီ။ ယောင်္ကျားသူငယ်ချင်း အချင်းချင်း၊ မိန်းမသူငယ်ချင်း အချင်းချင်းလဲ soul mates တွေဖြစ်နိုင်တာပဲလေ။ အသက်အရွယ် တူချင်တူမယ်.. ကွာချင်ကွာမယ်.. ကလေးနဲ့ လူကြီး လဲဖြစ်ချင် ဖြစ်နိုင်သေးတာပဲလို့ အတွေးပွားမိတယ်။ ကိုယ်လည်း ဘဝတခုလုံးရဲ့ တဝက်ခရီး ကျိုးလာတာတောင် soul mate တကယ် မရှိခဲ့ဖူးပါဘူး..။ နို့ မမျှော်လင့်ပဲ နေပါ့ မလား..။ အိမ်ထောင် မကျခင်တုန်းကလဲ အရမ်း မျှော်လင့်ခဲ့တာပေါ့..။ အိမ်ထောင်ကျပြီးတော့လဲ... ကာလ တခုထိ မျှော်လင့်ခဲ့တာပဲ..။ ၁၀ စုနှစ် တခု အပြီးမှာမှ မတ်တတ်ရပ်ရင်းကို မေ့ပစ်လိုက်ရတော့တာ..။ အခုတော့ soul mate လေး ရေး...

YouTube ပေါ်က အင်္ဂလိပ်သီချင်းဟောင်းများ

ငယ်စဉ်က နားစွဲခဲ့ပြီး ယနေ့တိုင် နားထောင်လို့ မရိုးနိုင်သေးတဲ့ လွမ်းဆွတ်တမ်းတဖွယ် အင်္ဂလိပ်တေးသီချင်းဟောင်း ၁၀၀ကျော်ရဲ့ ယူကျုလင့် (YouTube links)တွေကို တိုင်ဝမ်က ငယ်သူငယ်ချင်းဟောင်း တယောက်က အီးမေးလ်နဲ့ ပို့ပေးလာတယ်။ အဲ့ဒီထဲက တချို့တွေကို အရမ်းကြိုက်လို့ ကိုယ်တိုင်လဲ အမြဲနားထောင်လို့ရအောင် စိတ်ကူးပြီး ဒီပို့စ်လေး ဖန်တီးဖြစ်တယ်..။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေ ထပ်တွေ့လာခဲ့ရင်လည်း ထပ်ဆက်လို့ ရတာပေါ့။ ၀၀၁။ ။ The River of No Return : Marilyn Monroe ၀၀၂။ ။ Sound Of Silence : Simon & Garfunke ၀၀၂။ ။ Sound Of Silence (Native American's Pan flute) ၀၀၃။ ။ Rhythm Of the Rain: Johnny Tillotson ၀၀၄။ ။ The End Of the World : Skeeter Davis ၀၀၄။ ။ The End Of the World : Lobo ၀၀၅။ ။ Que Sera Sera : Doris Day ၀၀၅။ ။ Que Sera Sera : Connie Francis ၀၀၆။ ။ Tie A Yellow Ribbon Round The Ole Oak Tree : Tony Orlando & Dawn ၀၀၇။ ။ Morning Has Broken : Cat Stevens ၀၀၈။ ။ San Francisco : Scott McKenzie ၀၀၉။ ။ Suspicion : Terry Stafford (1964) ၀၀၉။ ။ Suspicion : Elvis P...

Cambodian Buddhist Temple

ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း ပြီးခဲ့တဲ့လ စက်တင်ဘာတုန်းက ဆန်ဖရန်စစ်စကိုမြို့နဲ့ ၈၃ မိုင်လောက်ဝေးတဲ့ စတော့တန်မြို့( Stockton, California ) က အသိမိတ်ဆွေတဦးဆီ အလည် သွားရင်း အလျဉ်းသင့်လို့ အဲ့ဒီမြို့မှာရှိတဲ့ ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း ( Cambodian Buddhist Temple )ကို ဝင်ရောက်ဖူးမျှော် လည်ပတ်ခဲ့တယ်။ ကိုယ့်ချက်ကြွေ အစွန့်ပစ်ခံ ရန်ကုန်မြို့က မြောက်ဥက္ကလာပမှာရှိတဲ့ မယ်လမုဘုရား နဲ့ အတော်တူလို့ လွမ်းဆွတ် သတိရမိပါသေးတယ်..။ ရာသီကလည်း နွေလည်ခေါင်မှာမို့ ခြောက်သွေ့ပူပြင်းလို့ တကယ့်ရန်ကုန်ကို ခဏရောက်သွားသလိုပါပဲ။ လွမ်းမိတယ် တချိန်က ရန်ကုန်လေးရယ်...။ ကျောင်းမျက်နှာစာနဲ့ အ ဝင်ဝ ရုပ်တုပေါင်း ၉၀ ကျော်ရှိတယ်တဲ့..။ ဗုဒ္ဓနဲ့ အဂုင်္လိမာလ သိဒ္ဓတ္ထ မင်းသား ဆံပယ်တော်မူပုံ နှင့် ဗုဒ္ဓ မဖြစ်မီ ဒုက္ခစရိယာကျင့်စဉ်ပုံ .................................................................................သိန္ဓောမြင်းလား မသိ.. ကမ္ဘောဒီးယား (ခမာ)မူလက်ရာ ရုပ်ထု ဝတ်ပြုဆောင်နဲ့ အထဲက ကြေးဆင်းတုတော် ဝတ်...

မိတ်ဆွေ နှင့် ငွေ

အသိတရား တစုံတရာ ရပြီးတဲ့ ကာလ တခု နောက်ပိုင်းမှာ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကို ကိုယ့်ကြောင့် အဆင်ပြေပြေ ဖြစ်စေချင်တာ၊ အဆင်မပြေရင်တောင်မှ မနစ်နာစေချင်တာတွေဟာ သိစိတ်ရော မသိစိတ်ထဲမှာပါ သန္ဓေတည်နေခဲ့တာပါ။ ကိုယ်နဲ့ ထဲထဲဝင်ဝင် စိတ်တူကိုယ်တူ ပေါင်းသင်းဖူးသူတွေ နားလည်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို နားလည်ပေးနိုင်မဲ့သူကလည်း နည်းမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းတတ်တဲ့ သူတွေကလည်း အလွန်နည်းတာကိုး။ အဲ့ဒီနည်းတဲ့အထဲကပဲ မနှစ်ကစပြီး တယောက် လျော့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကြောင့် တခြားသူတွေ အဆင်ပြေပါစေဆိုတဲ့ အချိန်ယူ လေ့ကျင့်မွေးမြူခဲ့ရတဲ့ စိတ်ထားကောင်းလို့ ခေါ်မလား.. အဲ့ဒီစိတ်ထားကြောင့်ပဲလို့ ပြောရင် မှားမယ် မထင်ဘူး။ ဒီတခါ လျော့ပါးခဲ့ရတဲ့ သူငယ်ချင်း (သို့) မိတ်ဆွေကတော့ မနေ့တနေ့ကမှ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဟိုးအရင် အနှစ်သုံးဆယ်ကျော် တဆက်တည်း သိကျွမ်းခဲ့ရတဲ့ ငယ်သူငယ်ချင်းပါ။ မြန်မာပြည်မှာနေဆဲပါ။ ကိုယ်က ရေကြည်ရာ မြက်နုရာရှာတဲ့ သတ္တဝါမို့ ပြည်ပမှာ နေပေမဲ့ ပြီးခဲ့တဲ့နှစ်ကအထိ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ မြန်မာပြည် အလည်ပြန်တိုင်းလည်း သူက ရန်ကုန်ဆင်းရင် ဆင်းလာ၊ ...