Skip to main content

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...

နှစ်မချို့ခင် ရန်ကုန်ကို လွမ်းလို့....

နာမည်ကြီး ဘလော့ဂါတွေလည်း သူတို့ဘလော့ဂ်တွေမှာ ပို့စ်အသစ်မတင်ဖြစ်တာ တချို့ဆို နှစ်တောင်ချို့နေပြီ။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လဲ နှစ်မချို့ခင် အသစ်လေး တင်ချင်စိတ် ပေါက်လာမိတယ်။ နောင်မကြာခင်ဆို ဘလော့ဂ်ဆိုတာကြီး ရှိချင်မှ ရှိတော့မှာလေ။ လောကဓမ္မတာအရ သူ့နေရာမှာ ဖေ့ဘွတ်(Facebook) ဆိုတာကြီး ခေတ်စားလာတော့ ကျနော်ကိုယ်တိုင်လည်း တနေ့တနေ့ ဖေ့ဘွတ်မှာပဲ အချိန်ကုန် ကုန် နေတာ ။ ကိုယ်ဘလော့ဂ်လေးကိုတော့ သံယောဇဉ်အကြီးအကျယ် မရှိမိပါဘူး။ သင်္ခါရသဘောကို စောကြောမိတာမို့ ပျက်ချိန်တန် ပျက်မှာကိုလည်း ကြိုလက်ခံပြီးသားပဲလေ။ ဒါပေမဲ့ ကျနော့်ရဲ့ " ပဲပြုတ်အလွယ်ချက်နည်း "ကို လူအတော်သိနေတာဆိုတော့ ဘယ်သူတွေများ ဒီပဲပြုတ်ချက်နည်းကို လာလာကြည့်ကြသလဲ၊ ဘယ်နိုင်ငံကလဲ... ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကိုတော့ နည်းနည်းစိတ်ဝင်စားပါသေးတယ်။ ဒီချက်နည်းနဲ့ အချိန်တိုတိုအတွင်း အဆင်ပြေပြေ အလွယ်ချက်စားနိုင်ကြတယ်ဆိုတာမျိုး မှတ်ချက်ဖတ်ရရင် အလွန်ကျေနပ်မိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခုထိ ဒီချက်နည်းနဲ့ပဲ စိတ်ချမ်းသာနေရတုန်းပါပဲ။ အင်း... ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေမိပြီ ထင်ပါရဲ့။ တကယ်တော့ ဒီပို့စ်မှာ ပြောချင်တာ ဘာမှမရှိလို့ ဗလာအင် ထ ရို ဝင်လိုက်တာပါ။ ေ...

အလှည့်ကျ မနွဲ့စတမ်း၊ အမေ့အတွက် ကဗျာ နှစ်ပုဒ်

အမေဆုံးတာ ဒီနေ့ ၃ နှစ်တင်းတင်းပြည့်ပြီ။ မနေ့ တနေ့ကလိုပဲလို့ ထင်မိတယ်။ နေ့တိုင်း နောင်တ တွေနဲ့ အမေ့ကို သတိရနေမိတယ်။ အမေက အသက် ၇၆ နှစ်ထဲပဲ နေသွားခဲ့ရတာ။ အလုပ်မှာ အသက် ၈၀ကျော် ၉၀ကျော် အဖိုး အဖွားေ တွ၊ တကိုယ်တည်း သန်သန်မာမာ ခရီးသွား တာ တွေ့ရရင် အမေ့အသက်နဲ့ နှိုင်းပြီး အမေ့ကိုလည်း သူတို့လို အသက်ရှည်ရှည် နေစေချင်လိုက်တာ။ ရံဖန်ရံခါ အမေ့ အနီးတဝိုက် လှဲလှောင်းနေတဲ့ လူတွေရဲ့ ကျောက်စာတိုင်တွေ လိုက်ဖတ်ပြီး၊ အမေ့သက်တမ်းနဲ့ တန်း လိုက်ညှိမိတယ်။ အမေ့ထက် သက်တမ်းကြာကြာ ပိုနေသွားရတဲ့သူတွေ တွေ့ရတဲ့အခါ၊ အမေ သူတို့လို သက်တမ်းစေ့ မနေလိုက်ရလေချင်းလို့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အမေ့ထက် သက်တမ်းပိုတိုတဲ့သူတွေ တွေ့ပြန်တော့လည်း ဖြေသာသလို အရှိသား။ တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေ တဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နေ...