Skip to main content

Posts

Showing posts from November, 2008

မပြောင်းလဲသေးသော်လည်း လှပနေဆဲ

ရွှေတိဂုံကုန်းမြင့်ပေါ်က မရိုးနိုင်သော မြင်ကွင်းအိုများ

မပြောင်းလဲနိုင်သေးသော ရန်ကုန်မြင်ကွင်းတချို့

၂၀၀၆ နိုဝင်ဘာ ဒီဇင်ဘာတုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ပါ .. Some photos taken in Nov/ Dec 2006 . ရွှေတိဂုံခြေရင်း (ဗဟန်း ကြားတောရလမ်း) ဖိနပ်ထည့်ရန် ကျွတ်ကျွတ်အိတ်ရောင်းရင်း မိခင်လူမမာအား စောင့်ရှောက်နေရရှာသော ကျောင်းနေအရွယ် ကလေးငယ်တဦး မင်္ဂလာတောင်ညွန့် (မန္တလေးလမ်း) ရွှေတိဂုံခြေရင်း (ဗဟန်း ကြားတောရလမ်း) ဗိုလ်ချုပ်ဈေးအနောက်ဘက် (ဆင်းဒ၀စ်လမ်း) ရွှေတိဂုံခြေရင်း (ဗဟန်း ကြားတောရလမ်း) ရွှေတိဂုံခြေရင်း (ဗဟန်း ကြားတောရလမ်း) ရွှေတိဂုံ ရင်ပြင်တော် ရွှေတိဂုံ ရင်ပြင်တော် ရွှေတိဂုံခြေရင်း (ဗဟန်း ကြားတောရလမ်း)

ရွှေ့ပြောင်းအိပ်မက်

ရွှေ့ပြောင်းအိပ်မက် အောင်ဝေး ဧရာဝတီမှ မစ္စစ္စပီသို့  ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။ မုဆိုးတွေ စည်းပျက်တော့ ယာခရိုးက ချိုးလင်းပြာ ငှက်ကလေးလည်း လွတ်ရာပြေးရတာပေါ့။ တရားမမျှတတဲ့အခါ ဘ၀ဟာမလုံခြုံပါဘူး။ ရွှေဝါရောင် ညညတွေမှာ ခဏခဏပြောင်းပြောင်းအိပ်ရတဲ့ ပုန်းခိုကျင်းကလေးတွေ။ ပြေးနေတဲ့ လူရဲ့စိတ်ဟာ လေးလံလွန်းလှပါရဲ့။ အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး သွားလေရာ အပင်ပန်းခံ လွယ်လွယ်သွားရတယ်။ ခုလည်းပဲ ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ် ကိုယ့်အိပ်မက်နဲ့ ကိုယ်။ မပျော်ပါဘူး တတိယနိုင်ငံဆိုတာ ပထမနိုင်ငံမှမဟုတ်တာ။ ။ အောင်ဝေး (အောက်တိုဘာ ၁၀ - ၂၀၀၈)