Skip to main content

Posts

Showing posts from August, 2010

အမေဆုပ်တဲ့ ငါးဖယ်လုံး

ဒီနေ့ ရက်အားမို့ ထုံးစံအတိုင်း ဗမာဟင်းတွေချက်ဖြစ်တယ်။ နယ်ထားတဲ့ငါးဖယ်ကို မဆုပ်မလုံးတော့ပဲ ပြီးစလွယ် ကြော်နေရာက... အမေ့ကို ဖျတ်ကနဲ့ သတိရလိုက်ပြီး၊ လက်ကျန် ငါးနှစ်တွေကို သူဆုပ်လုံးလေ့ရှိတဲ့ ပုံသဏ္ဌာန်အတိုင်း ဆုပ်လုံးလိုက်တယ်။ ငယ်ငယ်တုန်းကတော့ ဂျီး(ကြေး)အလွန်များတဲ့သူဆိုတော့.. အခုလို ကဗျာမဆန်တဲ့ ပုံသဏ္ဌာန်ကြီးကို ဘယ်ကြိုက်လိမ့်မတုံး..။ အဒေါ်အငယ်ဆုံးလက်ရာ အပြားအဝိုင်းပုံမှကြိုက်တာ။ အမေ့ကို အဲ့ဒီလိုပုံမျိုး လိုက်တုခိုင်းတာ စိတ်မြန်လက်မြန်ရှိတဲ့ အမေက ဘယ်စိတ်ရှည်မတုံး။ အခုတော့လည်း... တခြားချက်ဖြစ်တဲ့ ဟင်းတွေ... ဒီနေ့ ချက်လိုက်တဲ့ ဟင်းတွေ ဒါအကုန်ပဲ..။ အစ်မလင်မယား နှစ်ယောက်ကို ညစာဖိတ်ကျွေးလိုက်တာ အားလုံး ထမင်းမြိန်ကြလို့ ကျေနပ်သွားတာပေါ့..။ ဒါကြောင့် မောတော့မောတာပေါ့.. ဒါပေမဲ့ မမောဘူး..ဟူး။ ။

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ဆောင်းပါးစုံ (မိုးမခ) အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျာ

ကျေးဇူးတင်ပါတယ် အမေ

ဒီနေ့ဟာ အမေ သူ့အသက် ၂၆ နှစ်အရွယ်မှာ ကျနော့်ကို လူ့လောကထဲ ရောက်ရှိလာအောင် ခွန်အားကြီးမားစွာ စွမ်းဆောင်ခဲ့ရတဲ့ နေ့ (သို့မဟုတ်) လူအများ အလွယ်တကူ ပြောကြတဲ့ ကျနော့်မွေးနေ့ပေါ့။ အမေ မရှိပဲ မွေးနေ့ ဖြတ်သန်းလာခဲ့တာ လေးကြိမ်ရှိသွားပြီ။ အမေရှိစဉ်က ကျနော့်မွေးနေ့နဲ့ ကျနော့်အမေကို ဆက်နွယ်ပြီး သတိရ ရကောင်းမှန်း အသိအတွေး မရှိခဲ့တာ အမှန်ပါ။ ဒါကြောင့် အခုမှ တွေးမိတယ်...၊ 'အမေက မွေးပေးလို့သာ ဒီမွေးနေ့ဆိုတာကြီး ရှိလာရတာလို့...' ဘယ်သားသမီးကများ ကိုယ့်မွေးနေ့မှာ လေးလေးနက်နက် တွေးမိကြမှာပါလိမ့်..။ 'Happy Birthday!' လို့ ခင်မင်သူ မိတ်ဆွေတွေက ဆုတောင်းပေးကြတာကို မြိန့်မြိန့်ကြီး နားထောင်၊ ပျော်ရွှင်ရင်း ကိုယ့်ကို ပင်ပန်းကြီးစွာ မွေးဖွားပေးခဲ့တဲ့ ကိုယ့်အမေကို တဒင်္ဂလေး သတိရမိကြရဲ့လားလို့..။ ရှိစေတော့။ ဒီနှစ်မွေးနေ့အတွက် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးပျိုးထောင်နေတဲ့ 'ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ' ကို ရန်ကုန်မှာရှိတဲ့ တူတူမတွေကို အပူကပ်ပြီး အမေ့ကို ရည်စူးသတိရလျက် တဆင့်ငွေလှူဖြစ်လိုက်တယ်။ ရောက်ရာဘဝက သာဓုခေါ်ပါ အမေ...။ သားကို လူတလုံး သူတလုံးဖြစ်အောင် မွေးပေးခဲ့တဲ့ အမေ့ကို၊ သက်ရှိ