Skip to main content

Posts

Showing posts with the label Social

ပန်းခရမ်းပြာ၏ အိပ်မက်များ

လှိုက်လှဲစွာ ဖိတ်ကြားပါရစေ.... ဆန်ဖရန်စစ်စကိုမြို့အနီးအနားမှာ နေကြပြီး မြန်မာ့အရေးကို သံယောဇဉ်အမျှင်မပျက် ချစ်ခင်စေတနာရှိကြသေးတဲ့ မိတ်ဆွေများ လာမဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည်မှာ ကျင်းပမယ့် မြန်မာအစားအစာဈေးရောင်းပွဲနဲ့ တွေ့ဆုံပွဲလေးကို လာရောက် အားပေးကြစေလိုပါတယ်ခင်ဗျား။ ပျော်ပွဲရွှင်ပွဲ သက်သက် မဟုတ်ပဲ မြန်မာပြည်အတွက် လူမှုရေးပွဲတစ်ပွဲသာ ဖြစ်တဲ့အတွက် ဆက်ဆက် ကြွရောက်အားပေးကြဖို့နဲ့ လက်ဆင့်ကမ်းကြော်ငြာပေးဖို့ ပန်ကြားအပ်ပါတယ်။ အစီအစဉ်လေးကို Flyer လေးမှာ ကြည့်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ ။ ။

မြန်မာနှစ်သစ်ဆုတောင်း (သို့) ယိုးဒယားကို အမီလိုက်မယ်ဆိုရင်...

ဒီပို့စ်ကို ရေးမယ်ဆိုတုန်းက ခေါင်းစဉ်ကို "ယိုးဒယားကို အမီလိုက်မယ်ဆိုရင်..." လို့ ပေးမလို့ ရွေးခဲ့ပါတယ်။ ရေးဖြစ်ဖို့ တွန်းအားတခုကတော့ လွန်ခဲ့တဲ့ အပတ် သင်္ကြန်မတိုင်ခင် ဧပြီ ၁၀ ရက်နေ့က ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းက သတင်းတိုလေး တပိုင်းတစလေးကို ဖေ့စ်ဘွတ်ပေါ် ဖတ်မိပြီးတဲ့အခါမှာပါ။ နောက်မှ သိရတာက အဲဒါက သတင်းမဟုတ်ပဲ အင်တာဗျူးတခုထဲက ကောက်နှုတ်ချက် ဆိုတာပါ။ ထုံးစံအတိုင်း နေ့ရွှေ့ညရွှေ့နဲ့ မရေးဖြစ်ခဲ့ပဲ ခုသင်္ကြန်ကျော်လို့ နှစ်ဆန်းတစ်ရက်နေ့ကိုတောင် ၂ ရက်စွန်းလာပြီလေ။ မြန်မာနှစ်ဆန်း တစ်ရက်နေ့က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ဆိုတော့ အဲဒီတုန်းက အများနည်းတူ နှစ်သစ်ဆုတောင်းလေးကို ဖေ့စ်ဘွတ်က ကိုယ့်နံရံပေါ်မှာ ခေတ်မီအောင် ဆုတောင်းခဲ့ပါတယ်။ မမူယာဆိုတဲ့ ညီမငယ်လေးကို ကွန်းမင့်စာ ပြန်ခဲ့တုန်းကလည်း ဆုတောင်းခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျနော်တို့ ချစ်ရတဲ့ မြန်မာပြည်ကြီး ကျန်းမာဖို့ လူသိအောင်ကော လူမသိပဲနဲ့ပါ ပြင်းရှတဲ့ အတ္တစိတ်နဲ့ အမြဲလိုလို ဆုတောင်းဖြစ်ခဲ့ပါတယ်။ ခုလည်း ကိုယ့်ဘလော့ဂ်ပေါ်မှာ နေ့ရွှေ့ညရွှေ့နဲ့ မရေးဖြစ်ခဲ့တဲ့ "ယိုးဒယားကို အမီလိုက်မယ်ဆိုရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ယှဉ်တွဲပြီး  မြန်မာနှ...

မိတ်ဆွေ နှင့် ငွေ

အသိတရား တစုံတရာ ရပြီးတဲ့ ကာလ တခု နောက်ပိုင်းမှာ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကို ကိုယ့်ကြောင့် အဆင်ပြေပြေ ဖြစ်စေချင်တာ၊ အဆင်မပြေရင်တောင်မှ မနစ်နာစေချင်တာတွေဟာ သိစိတ်ရော မသိစိတ်ထဲမှာပါ သန္ဓေတည်နေခဲ့တာပါ။ ကိုယ်နဲ့ ထဲထဲဝင်ဝင် စိတ်တူကိုယ်တူ ပေါင်းသင်းဖူးသူတွေ နားလည်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို နားလည်ပေးနိုင်မဲ့သူကလည်း နည်းမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းတတ်တဲ့ သူတွေကလည်း အလွန်နည်းတာကိုး။ အဲ့ဒီနည်းတဲ့အထဲကပဲ မနှစ်ကစပြီး တယောက် လျော့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကြောင့် တခြားသူတွေ အဆင်ပြေပါစေဆိုတဲ့ အချိန်ယူ လေ့ကျင့်မွေးမြူခဲ့ရတဲ့ စိတ်ထားကောင်းလို့ ခေါ်မလား.. အဲ့ဒီစိတ်ထားကြောင့်ပဲလို့ ပြောရင် မှားမယ် မထင်ဘူး။ ဒီတခါ လျော့ပါးခဲ့ရတဲ့ သူငယ်ချင်း (သို့) မိတ်ဆွေကတော့ မနေ့တနေ့ကမှ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဟိုးအရင် အနှစ်သုံးဆယ်ကျော် တဆက်တည်း သိကျွမ်းခဲ့ရတဲ့ ငယ်သူငယ်ချင်းပါ။ မြန်မာပြည်မှာနေဆဲပါ။ ကိုယ်က ရေကြည်ရာ မြက်နုရာရှာတဲ့ သတ္တဝါမို့ ပြည်ပမှာ နေပေမဲ့ ပြီးခဲ့တဲ့နှစ်ကအထိ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ မြန်မာပြည် အလည်ပြန်တိုင်းလည်း သူက ရန်ကုန်ဆင်းရင် ဆင်းလာ၊ ...

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ...

ဘိုထိုင်အိမ်သာ ကျင့်ဝတ်များ

အလုပ်နဲ့ပတ်သက်တဲ့ ဌာနတခုရဲ့ ရေအိမ်သာထဲမှာ ချိတ်ထားတာလေး ဖတ်မိပြီး၊ သဘောကျလို့ ဝေမျှလိုက်ပါတယ်။ ဘိုထိုင်အိမ်သာတွေမှာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေပါ။ ဘိုထိုင်အိမ်သာနဲ့ ကျင့်သား မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်သလို၊ ကျင့်သားရှိပြီးသူတွေလည်း လိုက်နာသင့်တဲ့အချက်တွေပါ။ ကဲ..နှာခေါင်းလေး ပိတ်ပြီး ဖတ်မယ်။ Bathroom Etiquette သန့်စင်ခန်း ကျင့်ဝတ်များ 1. After use with seat in ' down ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အကျ(အထိုင်) ' အနေအထား၌ အသုံးပြုပြီးနောက်.. Lift seat and examine all areas of commode including the under side of the seat. အထိုင်ကိုမတင်လျက် အထိုင်အောက် မျက်နှာပြင်အပါအဝင် အိမ်သာအိုးနေရာအနှံ့ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။ Using special toilet cloth wipe (or brush), clean all residue from surfaces. အိမ်သာသုံးစက္ကူကို အသုံးပြုလျက် နေရာအနှံ့ရှိ အစွန်းအထင်းများကို သုတ်သင်ရှင်းလင်းပါ။ 2. After use with seat in ' up ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အတင် ' အနေအထား၌ အသုံးပြုပြီးနောက်.. Examine ...

ရွှေပြည်တော်ကြီး မဆိုက်မီ

မိုးဆက် ဇူလိုင် ၁၂၊ ၂ဝဝ၅ တလောတုန်းက မိတ်ဆွေစာရေးဆရာတစ်ဦးက သူ့ရဲ့ အင်တာဗျူးဆောင်းပါးတစ်ပုဒ်မှာ Civic-minded ဆိုတဲ့ အင်္ဂလိပ်စာလုံးကို အဓိပ္ပာယ်မပြန်ဘဲ မြန်မာစာလုံးတွေကြားမှာ ခပ်တည်တည် ညှပ်ရေးလိုက်တဲ့အတွက် ဖတ်ရင်း ဘဝင်မကျ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ခင်မင်ရင်းစွဲရှိတာကြောင့် အဲဒီမိတ်ဆွေ စာရေးဆရာကို ရင်းနှီးစွာ အပြစ်ဆိုခဲ့မိပါတယ်။ ဘာကြောင့် မြန်မာလို တိတိကျကျ ဘာသာမပြန်ရတာလဲလို့လည်း ဆရာလုပ် မေးမိပါတယ်။ ပြီးတော့ အဲဒီစကားလုံးကို မြန်မာလို အဓိပ္ပာယ်အတိအကျ ပြန်ဖို့ သူနဲ့ အကျယ်တဝင့် ဆွေးနွေးမိပါသေးတယ်။ ဒါပေမယ့်လည်း စကားလုံးက တိုသလောက် အဓိပ္ပာယ်က နက်နဲကျယ်ဝန်းလွန်းတော့ ဘာသာပြန်ဖို့ မြန်မာစကားလုံးတိုတို ရှာမတွေ့ခဲ့ကြပါဘူး။ ဒီတော့မှ ဘာသာစကားအသီးသီးမှာ ရှည်လျားတဲ့သမိုင်းဖြစ်စဉ်၊ ခြားနားတဲ့ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေအရ အဓိပ္ပာယ်ထပ်တူ မရှိနိုင်တဲ့ စကားလုံးတွေ အများကြီးရှိနိုင်ပါလားလို့ အတွေးဝင် လက်ခံနေမိပါတယ်။ တဆက်တည်းမှာပဲ မြန်မာဘာသာစကားမှာရှိနေတဲ့ တိုတောင်းပြီး အဓိပ္ပာယ် ပြည့်ဝကျယ်ဝန်းတဲ့ စကားလုံး၊ စကားစု၊ စကားပုံတွေကိုပါ ဆက်ပြီး ဆင့်ပွား အတွေးများနေပါတော့တယ်။ တခါ...