Skip to main content

Posts

Showing posts from March, 2012

ခရမ်းသီးနှပ် နဲ့ ကြက်ဟင်းခါးသီးကြော်ချက်

ဘာလိုလိုနဲ့ ဘလော့ဂ်နဲ့ အဆက်ပြတ်တာ တနှစ်တောင် ရှိတော့မယ်။ ဖုန်ခါပြီး အလွယ်တကူ အသက်ပြန်သွင်းရမယ်။ မနက်ဖြန်လာမယ့် ဧည့်သည်ကို ဧည့်ခံဖို့ ဒီနေ့ ကြိုတင်ချက်ဖြစ်တဲ့ ဆင်တူ ဟင်း နှစ်မျိုးကို ဓာတ်ပုံတွေ ဝေဝေဆာဆာတင်ပြီး ဆားချက်လိုက်မှာပေါ့။ အဲဒါကြောင့် တဘက်က ချက်ရင်း တဘက်က ကင်မရာတကားကားနဲ့ ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ ရိုက်ရပါတော့တယ်။ ပို့စ်တင်ဖို့ sign-in လုပ်တော့ ဘလော့က ဧပြီလမှာ အသွင်တမျိုးနဲ့ ဆန်းသစ်မယ်ဆိုပဲ။ upgrade လုပ်ပါဆိုလို့ နှိပ်ပစ်လိုက်တယ်.. ဘာပုံစံထွက်လာမလဲ မသိဘူး။ ဒီပို့စ်တင်ပြီးမှ ကြည့်ရဦးမယ်..။ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ အလကားရတဲ့နွား သွားဖြဲကြည့်လို့ ရမလားဗျာ..   ကဲ.. ဟော့ဒီမှာ ကြက်ဟင်းခါးကြော်ချက် နဲ့ ခရမ်းသီးနှပ်...။ ပြင်ဆင် ချက်ပြုတ်တဲ့ အစီအစဉ်အလိုက် ပုံတွေကို အစဉ်လိုက် တင်လိုက်ပါတယ်။ ချက်စားမယ့် ခရမ်းသီး ၊ ကြက်ဟင်းခါးသီး နဲ့ ခရမ်းချဉ်သီး အ ရောင်စုံပေါ့။ ကြက်ဟင်းခါးသီး (၃ လုံး)ကို အမြှောင်းလိုက် ထက်ခြမ်းလှီး၊ အလယ်က အစေ့တွေခြစ်ထုတ်ပြီး ဒေါင်လိုက် စိပ်လိုက်ပါတယ်။ ခရမ်းသီး ( ၄ လုံး)ကို ၂ ပိုင်း ( သိပ်ရှည်နေရင်) ၃ ပိုင်းပိုင်းပြီး လေးစိပ်အမြှောင်းလို