Skip to main content

Posts

Showing posts with the label Poems

အလှည့်ကျ မနွဲ့စတမ်း၊ အမေ့အတွက် ကဗျာ နှစ်ပုဒ်

အမေဆုံးတာ ဒီနေ့ ၃ နှစ်တင်းတင်းပြည့်ပြီ။ မနေ့ တနေ့ကလိုပဲလို့ ထင်မိတယ်။ နေ့တိုင်း နောင်တ တွေနဲ့ အမေ့ကို သတိရနေမိတယ်။ အမေက အသက် ၇၆ နှစ်ထဲပဲ နေသွားခဲ့ရတာ။ အလုပ်မှာ အသက် ၈၀ကျော် ၉၀ကျော် အဖိုး အဖွားေ တွ၊ တကိုယ်တည်း သန်သန်မာမာ ခရီးသွား တာ တွေ့ရရင် အမေ့အသက်နဲ့ နှိုင်းပြီး အမေ့ကိုလည်း သူတို့လို အသက်ရှည်ရှည် နေစေချင်လိုက်တာ။ ရံဖန်ရံခါ အမေ့ အနီးတဝိုက် လှဲလှောင်းနေတဲ့ လူတွေရဲ့ ကျောက်စာတိုင်တွေ လိုက်ဖတ်ပြီး၊ အမေ့သက်တမ်းနဲ့ တန်း လိုက်ညှိမိတယ်။ အမေ့ထက် သက်တမ်းကြာကြာ ပိုနေသွားရတဲ့သူတွေ တွေ့ရတဲ့အခါ၊ အမေ သူတို့လို သက်တမ်းစေ့ မနေလိုက်ရလေချင်းလို့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အမေ့ထက် သက်တမ်းပိုတိုတဲ့သူတွေ တွေ့ပြန်တော့လည်း ဖြေသာသလို အရှိသား။ တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေ တဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နေ...

ရွှေ့ပြောင်းအိပ်မက်

ရွှေ့ပြောင်းအိပ်မက် အောင်ဝေး ဧရာဝတီမှ မစ္စစ္စပီသို့  ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။ မုဆိုးတွေ စည်းပျက်တော့ ယာခရိုးက ချိုးလင်းပြာ ငှက်ကလေးလည်း လွတ်ရာပြေးရတာပေါ့။ တရားမမျှတတဲ့အခါ ဘ၀ဟာမလုံခြုံပါဘူး။ ရွှေဝါရောင် ညညတွေမှာ ခဏခဏပြောင်းပြောင်းအိပ်ရတဲ့ ပုန်းခိုကျင်းကလေးတွေ။ ပြေးနေတဲ့ လူရဲ့စိတ်ဟာ လေးလံလွန်းလှပါရဲ့။ အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး သွားလေရာ အပင်ပန်းခံ လွယ်လွယ်သွားရတယ်။ ခုလည်းပဲ ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ် ကိုယ့်အိပ်မက်နဲ့ ကိုယ်။ မပျော်ပါဘူး တတိယနိုင်ငံဆိုတာ ပထမနိုင်ငံမှမဟုတ်တာ။ ။ အောင်ဝေး (အောက်တိုဘာ ၁၀ - ၂၀၀၈)