Skip to main content

Posts

Showing posts from April, 2009

အလွန်ကြိုက်ခဲ့တဲ့ သီချင်းတပုဒ်

မိတ်ဆွေတို့ ရေချိုးရင်း သီချင်းဆိုညည်းလေ့ ရှိကြသလား။ ကျနော်ကတော့ စိတ်ရွှင်နေရင် ရေချိုးရင်း သီချင်းညည်းဆိုလေ့ ရှိပါတယ်။ အသံကောင်း အဆိုကောင်း မဟုတ်ပေမဲ့ စိတ်ပျော်နေတဲ့အခါ အလိုလိုလုပ်မိတာပါ။ (အဲ.. အိမ်မှာ ဧည့်သည်ရှိရင်တော့ ရေချိုးရင်း ဘယ်ဆိုပါ့မလဲဗျာ...ဧည့်သည်ကို ဧည့်ခန်းထဲမှာ ကာရာအိုကေနဲ့ အကျအန နှိပ်စက်ကလူ ပြုလိုက်မှာပေါ့) ဒီနေ့ စိတ်ရွှင်လို့ထင်ပါရဲ့.. ရေချိုးရင်း မဆိုတာကြာပြီဖြစ်တဲ့ သီချင်းတပုဒ် အမှတ်မထင် ဟဲလိုက်မိတယ်။ ဒါပေမဲ့ သီချင်းရဲ့ခေါင်းစဉ်ကို စဉ်းစားလို့ မရတာနဲ့၊ ဝိုင်းခေါင်းစားပေးဖို့ ဘလော့ဂ်ပေါ် တင်လိုက်မိပါတယ်..။ ဒီသီချင်းကို ဟိုးငယ်ငယ်တုန်းက အတော်လေး နှစ်ချိုက်မိခဲ့လို့၊ (အဲ့ဒီတုန်းကလည်း ကိုယ့်ကိုကိုယ် ကဗျာဆန်ဆန် အညတရလိုလို လူ့ငမွဲလိုလို သိမ်ငယ်သလိုလို ခံစားခဲ့ရဖူးလို့ပါ) စာသားအားလုံး(နီးပါး) အလွတ်ရနေဆဲပါ.. ချရေးကြည့်လိုက်တယ်..။ အဆိုတော်က "စိုင်းဆိုင်မောဝ်"လို့ မှတ်မိတယ်..။ ရေးသူကို မသိခဲ့သလို ခေါင်းစဉ်လဲ မေ့နေပါတယ်။ ဝိုင်းစဉ်းစား ပေးကြပါဦးဗျာ။ ဒီလောက်ကောင်းတဲ့ သီချင်းကို ခုခေတ် ပြန်ဆိုတွေ ဘာကြောင့်များ ပြန်မဆိုကြပါလိမ့်လို့လည်း ပွားမိလိုက်သေးတယ်..။ ကဲ..သီချင်း