Skip to main content

အလွန်ကြိုက်ခဲ့တဲ့ သီချင်းတပုဒ်

မိတ်ဆွေတို့ ရေချိုးရင်း သီချင်းဆိုညည်းလေ့ ရှိကြသလား။ ကျနော်ကတော့ စိတ်ရွှင်နေရင် ရေချိုးရင်း သီချင်းညည်းဆိုလေ့ ရှိပါတယ်။ အသံကောင်း အဆိုကောင်း မဟုတ်ပေမဲ့ စိတ်ပျော်နေတဲ့အခါ အလိုလိုလုပ်မိတာပါ။ (အဲ.. အိမ်မှာ ဧည့်သည်ရှိရင်တော့ ရေချိုးရင်း ဘယ်ဆိုပါ့မလဲဗျာ...ဧည့်သည်ကို ဧည့်ခန်းထဲမှာ ကာရာအိုကေနဲ့ အကျအန နှိပ်စက်ကလူ ပြုလိုက်မှာပေါ့) ဒီနေ့ စိတ်ရွှင်လို့ထင်ပါရဲ့.. ရေချိုးရင်း မဆိုတာကြာပြီဖြစ်တဲ့ သီချင်းတပုဒ် အမှတ်မထင် ဟဲလိုက်မိတယ်။ ဒါပေမဲ့ သီချင်းရဲ့ခေါင်းစဉ်ကို စဉ်းစားလို့ မရတာနဲ့၊ ဝိုင်းခေါင်းစားပေးဖို့ ဘလော့ဂ်ပေါ် တင်လိုက်မိပါတယ်..။ ဒီသီချင်းကို ဟိုးငယ်ငယ်တုန်းက အတော်လေး နှစ်ချိုက်မိခဲ့လို့၊ (အဲ့ဒီတုန်းကလည်း ကိုယ့်ကိုကိုယ် ကဗျာဆန်ဆန် အညတရလိုလို လူ့ငမွဲလိုလို သိမ်ငယ်သလိုလို ခံစားခဲ့ရဖူးလို့ပါ) စာသားအားလုံး(နီးပါး) အလွတ်ရနေဆဲပါ.. ချရေးကြည့်လိုက်တယ်..။ အဆိုတော်က "စိုင်းဆိုင်မောဝ်"လို့ မှတ်မိတယ်..။ ရေးသူကို မသိခဲ့သလို ခေါင်းစဉ်လဲ မေ့နေပါတယ်။ ဝိုင်းစဉ်းစား ပေးကြပါဦးဗျာ။ ဒီလောက်ကောင်းတဲ့ သီချင်းကို ခုခေတ် ပြန်ဆိုတွေ ဘာကြောင့်များ ပြန်မဆိုကြပါလိမ့်လို့လည်း ပွားမိလိုက်သေးတယ်..။ ကဲ..သီချင်းပဟေဠိ အဖြေညှိကြစို့...

xxx [ကောင်းကင်နဲ့... ဒီ မြေပြင် ပေါင်း စပ်ဘို့ မလွယ်ဘူးကွယ်...၊ သမုဒ္ဒရာထဲ... လှေငယ်နဲ့ ကူးဘို့ ခက်ပါတယ်...၊ နေရောင်ခြည် ပူပြင်းသလို.. လမင်းရဲ့အရောင် အေးမြတယ်...၊ လမ်းဘေးက လူငမွဲ... မင်းတို့အတွက် ဘာနဲ့များ နှိုင်းယှဉ်မလွယ်...

ယမကာရည် တမြမြနဲ့
ကမ္မဋ္ဌာန်းလည်း ထိုင်တယ်...၊ အလှူတွေကို ပေးတိုင်းလည်း ကုသိုလ် မရပါဘူး...၊ မေတ္တာတရား/(သစ္စာတရား)... ဒီကမ္ဘာမှာ ခေါင်း ပါး လို့ နေ တော့ ကွယ်... သစ္စာတရား/(မေတ္တာတရား)... ဘယ်ကိုများ ပြေးလို့ ပျောက်ကွယ်တယ်...] xxx

[ပြန်ကျော့..]

အင်း.. ခုလောက်ဆို ခုခေတ် အဆိုတော်တွေ ဘာကြောင့် ပြန်မဆိုကြသလဲဆိုတာ သဘောပေါက်လောက်ပြီနဲ့ တူပါတယ်..။ ခုခေတ်နဲ့ လုံးဝ.. မအပ်စပ်တော့လို့ ဖြစ်မှာပါနော်။ ကျနော်လား.. အခုဆို အရင်ငယ်စဉ်ကလို သိမ်ငယ်စိတ်တွေ မရှိတော့ပါဘူး။ ယမကာ တမြမြတောင် လုပ်တတ်လာပြီလေ။ ဒါပေမဲ့ မေတ္တာ သစ္စာကိုတော့ တန်ဘိုးထား လေးစားဆဲပါဗျာ။

ကျေးဇူး အထူးတင်ပါတယ် ခင်ဗျား။ ။

Comments

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ဆောင်းပါးစုံ (မိုးမခ) အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျာ...

အလှည့်ကျ မနွဲ့စတမ်း၊ အမေ့အတွက် ကဗျာ နှစ်ပုဒ်

အမေဆုံးတာ ဒီနေ့ ၃ နှစ်တင်းတင်းပြည့်ပြီ။ မနေ့ တနေ့ကလိုပဲလို့ ထင်မိတယ်။ နေ့တိုင်း နောင်တ တွေနဲ့ အမေ့ကို သတိရနေမိတယ်။ အမေက အသက် ၇၆ နှစ်ထဲပဲ နေသွားခဲ့ရတာ။ အလုပ်မှာ အသက် ၈၀ကျော် ၉၀ကျော် အဖိုး အဖွားေ တွ၊ တကိုယ်တည်း သန်သန်မာမာ ခရီးသွား တာ တွေ့ရရင် အမေ့အသက်နဲ့ နှိုင်းပြီး အမေ့ကိုလည်း သူတို့လို အသက်ရှည်ရှည် နေစေချင်လိုက်တာ။ ရံဖန်ရံခါ အမေ့ အနီးတဝိုက် လှဲလှောင်းနေတဲ့ လူတွေရဲ့ ကျောက်စာတိုင်တွေ လိုက်ဖတ်ပြီး၊ အမေ့သက်တမ်းနဲ့ တန်း လိုက်ညှိမိတယ်။ အမေ့ထက် သက်တမ်းကြာကြာ ပိုနေသွားရတဲ့သူတွေ တွေ့ရတဲ့အခါ၊ အမေ သူတို့လို သက်တမ်းစေ့ မနေလိုက်ရလေချင်းလို့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အမေ့ထက် သက်တမ်းပိုတိုတဲ့သူတွေ တွေ့ပြန်တော့လည်း ဖြေသာသလို အရှိသား။ တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေ တဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နေ...