ဘာလိုလိုနဲ့ ဘလော့ဂ်နဲ့ အဆက်ပြတ်တာ တနှစ်တောင် ရှိတော့မယ်။ ဖုန်ခါပြီး အလွယ်တကူ အသက်ပြန်သွင်းရမယ်။ မနက်ဖြန်လာမယ့် ဧည့်သည်ကို ဧည့်ခံဖို့ ဒီနေ့ ကြိုတင်ချက်ဖြစ်တဲ့ ဆင်တူ ဟင်း နှစ်မျိုးကို ဓာတ်ပုံတွေ ဝေဝေဆာဆာတင်ပြီး ဆားချက်လိုက်မှာပေါ့။ အဲဒါကြောင့် တဘက်က ချက်ရင်း တဘက်က ကင်မရာတကားကားနဲ့ ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ ရိုက်ရပါတော့တယ်။ ပို့စ်တင်ဖို့ sign-in လုပ်တော့ ဘလော့က ဧပြီလမှာ အသွင်တမျိုးနဲ့ ဆန်းသစ်မယ်ဆိုပဲ။ upgrade လုပ်ပါဆိုလို့ နှိပ်ပစ်လိုက်တယ်.. ဘာပုံစံထွက်လာမလဲ မသိဘူး။ ဒီပို့စ်တင်ပြီးမှ ကြည့်ရဦးမယ်..။ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ အလကားရတဲ့နွား သွားဖြဲကြည့်လို့ ရမလားဗျာ.. ကဲ.. ဟော့ဒီမှာ ကြက်ဟင်းခါးကြော်ချက် နဲ့ ခရမ်းသီးနှပ်...။ ပြင်ဆင် ချက်ပြုတ်တဲ့ အစီအစဉ်အလိုက် ပုံတွေကို အစဉ်လိုက် တင်လိုက်ပါတယ်။ ချက်စားမယ့် ခရမ်းသီး ၊ ကြက်ဟင်းခါးသီး နဲ့ ခရမ်းချဉ်သီး အ ရောင်စုံပေါ့။ ကြက်ဟင်းခါးသီး (၃ လုံး)ကို အမြှောင်းလိုက် ထက်ခြမ်းလှီး၊ အလယ်က အစေ့တွေခြစ်ထုတ်ပြီး ဒေါင်လိုက် စိပ်လိုက်ပါတယ်။ ခရမ်းသီး ( ၄ လုံး)ကို ၂ ပိုင်း ( သိပ်ရှည်နေရင်) ၃ ပိုင်းပိုင်းပြီး လေးစိပ်အမြှောင်းလို