ဘာလိုလိုနဲ့ ဘလော့ဂ်နဲ့ အဆက်ပြတ်တာ တနှစ်တောင် ရှိတော့မယ်။ ဖုန်ခါပြီး အလွယ်တကူ အသက်ပြန်သွင်းရမယ်။ မနက်ဖြန်လာမယ့် ဧည့်သည်ကို ဧည့်ခံဖို့ ဒီနေ့ ကြိုတင်ချက်ဖြစ်တဲ့ ဆင်တူ ဟင်း နှစ်မျိုးကို ဓာတ်ပုံတွေ ဝေဝေဆာဆာတင်ပြီး ဆားချက်လိုက်မှာပေါ့။ အဲဒါကြောင့် တဘက်က ချက်ရင်း တဘက်က ကင်မရာတကားကားနဲ့ ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ ရိုက်ရပါတော့တယ်။ ပို့စ်တင်ဖို့ sign-in လုပ်တော့ ဘလော့က ဧပြီလမှာ အသွင်တမျိုးနဲ့ ဆန်းသစ်မယ်ဆိုပဲ။ upgrade လုပ်ပါဆိုလို့ နှိပ်ပစ်လိုက်တယ်.. ဘာပုံစံထွက်လာမလဲ မသိဘူး။ ဒီပို့စ်တင်ပြီးမှ ကြည့်ရဦးမယ်..။ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ အလကားရတဲ့နွား သွားဖြဲကြည့်လို့ ရမလားဗျာ..
ကဲ.. ဟော့ဒီမှာ ကြက်ဟင်းခါးကြော်ချက် နဲ့ ခရမ်းသီးနှပ်...။ ပြင်ဆင်
ချက်ပြုတ်တဲ့ အစီအစဉ်အလိုက် ပုံတွေကို အစဉ်လိုက် တင်လိုက်ပါတယ်။
|
ချက်စားမယ့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး နဲ့ ခရမ်းချဉ်သီး အ | ရောင်စုံပေါ့။ |
|
ကြက်ဟင်းခါးသီး (၃ လုံး)ကို အမြှောင်းလိုက် ထက်ခြမ်းလှီး၊ အလယ်က အစေ့တွေခြစ်ထုတ်ပြီး ဒေါင်လိုက် စိပ်လိုက်ပါတယ်။
|
ခရမ်းသီး (၄ လုံး)ကို ၂ ပိုင်း
(သိပ်ရှည်နေရင်) ၃ ပိုင်းပိုင်းပြီး လေးစိပ်အမြှောင်းလိုက် ထိပ်ကလေးချန်ပြီး
လှီးပါတယ်။ ဒါမှ
အမြှောင်းလေးတွေ ပြတ်ထွက်မသွားပဲ တွဲလျက်ကလေး ရှိနေမှာပါ။
|
|
|
ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပါတယ်။ |
|
ခရမ်းချဉ်သီးကိုတော့ ကြိုက်သလို လှီးနိုင်ပါတယ်။ |
|
ငြုတ်သီးစိမ်း၊ ကြက်သွန်အဖြူနဲ့ အနီတွေကို ပါးပါးနှုတ်နှုတ်လေးလှီးထား။ ပုစွန်ခြောက်ကိုရေစိမ်။ ပုစွန်(မျှင်)ငပိ လက်ဖက်ရည် တစ်ဇွန်းစာ ရေဖျော်ထားပါမယ်။ |
|
၁၅ မိနစ်လောက် ရေစိမ်ထားတဲ့ ပုစွန်ခြောက်ကို ကြေရုံလေး အကြမ်းထောင်းပါတယ်။ ဒီလိုမထောင်းချင်ရင် ကြိတ်ထားတဲ့ အခြောက်မှုန့်ကို သုံးပါ။
ကြက်သွန်နီ၊ ငါးငန်ပြာရည်၊ ရေဖျော်ထားတဲ့ မျှင်ငပိ၊ ပုစွန်ခြောက်ထောင်း၊ ကြက်သွန်ဖြူနဲ့ ငြုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ငြုတ်အရောင်တင်မှုန့် နဲ့ နနွမ်းမှုန့် တွေ အဆင်သင့်ဖြစ်ရင် စချက်ပါမယ်။ |
ကြက်ဟင်းခါးသီးကြော်ချက်
|
ကြက်ဟင်းခါးသီး ၃ လုံးကို စိပ်ထားတာပါ။ အခါးလျော့စေချင်ရင် လှီးထားတဲ့ ကြက်ဟင်းခါးစိပ်တွေကို ဆားနဲ့နယ်၊ ၁၅မိနစ်လောက်ကြာမှ ရေ ၂ ခါလောက် စိမ်ဆေးပစ်ပါ။ |
|
ကြက်ဟင်းခါး ချက်ဖို့ စပါမယ်။
ဒယ်အိုးထဲ ဆီပူရင် ကြက်သွန်ဖြူကို ဆီ စ သတ်ပါမယ်။ နည်းနည်းလေး နွမ်းသွားတာနဲ့ ကြက်သွန်နီထည့်ပြီး ဆီဆက်သတ်ပါ။ နီယောင်ယောင်လေးသမ်းလာတာနဲ့ ငြုတ်သီးစိမ်းထည့် မွှေပါမယ်။ |
|
ငြုတ်သီးစိမ်းထည့်မွှေပြီးလို့ နွမ်းတာနဲ့ အရောင်တင်မှုန့်နဲ့ နနွမ်းမှုန့် ထည့်မွှေပါ။ ပြီးရင် ပုစွန်ခြောက်ထောင်းထည့်ပါ။ |
|
မျှင်ငပိနဲ့ ငန်ပြာရည်ထည့်မွှေပြီး ခရမ်းချဉ်သီး ထည့်ပါမယ်။ ပြီးတာနဲ့ ကြက်ဟင်းခါးသီးစိပ်တွေ ထည့် ရောပါမယ်။
(မှတ်ချက် ။ ။ ခရမ်းသီးနှပ် ချက်မယ်ဆို ဒီနေရာမှာ အစားထိုးရပါမယ်။) |
|
ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ပါမယ်။ |
|
မီးအရှိန် မပြင်းတပြင်းထား၊ ဆူလာတာနဲ့ တချက်လောက်မွှေပြီး မီးရှိန်ထပ်လျှော့ခါ မီးမှိန်းမှိန်းနဲ့ နှပ်ထားပါမယ်။ |
|
ကြက်ဟင်းခါးသီးတွေ နူးနပ်လာရင် အပေါ့အငန်မြည်း၊ ပေါ့နေသေးရင် ဆားထပ်ထည့်ပြီး မီးပိတ် အဖုံးထပ်ပိတ်ပြီး အငွေ့သေတဲ့အထိ ဆက်နှပ်ထားလိုက်ပါ။ |
ခူးခပ်စားနိုင်ပါပြီ။
******
ခရမ်းသီးနှပ်
|
ခရမ်းသီးကိုလည်း အပေါ်က ကြက်ဟင်းခါးသီးချက်တဲ့ အစီအစဉ်အတိုင်း ချက်ပါ။ |