နာမည်ကြီး ဘလော့ဂါတွေလည်း သူတို့ဘလော့ဂ်တွေမှာ ပို့စ်အသစ်မတင်ဖြစ်တာ တချို့ဆို နှစ်တောင်ချို့နေပြီ။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လဲ နှစ်မချို့ခင် အသစ်လေး တင်ချင်စိတ် ပေါက်လာမိတယ်။ နောင်မကြာခင်ဆို ဘလော့ဂ်ဆိုတာကြီး ရှိချင်မှ ရှိတော့မှာလေ။ လောကဓမ္မတာအရ သူ့နေရာမှာ ဖေ့ဘွတ်(Facebook) ဆိုတာကြီး ခေတ်စားလာတော့ ကျနော်ကိုယ်တိုင်လည်း တနေ့တနေ့ ဖေ့ဘွတ်မှာပဲ အချိန်ကုန် ကုန် နေတာ ။ ကိုယ်ဘလော့ဂ်လေးကိုတော့ သံယောဇဉ်အကြီးအကျယ် မရှိမိပါဘူး။ သင်္ခါရသဘောကို စောကြောမိတာမို့ ပျက်ချိန်တန် ပျက်မှာကိုလည်း ကြိုလက်ခံပြီးသားပဲလေ။ ဒါပေမဲ့ ကျနော့်ရဲ့ " ပဲပြုတ်အလွယ်ချက်နည်း "ကို လူအတော်သိနေတာဆိုတော့ ဘယ်သူတွေများ ဒီပဲပြုတ်ချက်နည်းကို လာလာကြည့်ကြသလဲ၊ ဘယ်နိုင်ငံကလဲ... ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကိုတော့ နည်းနည်းစိတ်ဝင်စားပါသေးတယ်။ ဒီချက်နည်းနဲ့ အချိန်တိုတိုအတွင်း အဆင်ပြေပြေ အလွယ်ချက်စားနိုင်ကြတယ်ဆိုတာမျိုး မှတ်ချက်ဖတ်ရရင် အလွန်ကျေနပ်မိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခုထိ ဒီချက်နည်းနဲ့ပဲ စိတ်ချမ်းသာနေရတုန်းပါပဲ။ အင်း... ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေမိပြီ ထင်ပါရဲ့။ တကယ်တော့ ဒီပို့စ်မှာ ပြောချင်တာ ဘာမှမရှိလို့ ဗလာအင် ထ ရို ဝင်လိုက်တာပါ။ ေ