Skip to main content

ဘိုထိုင်အိမ်သာ ကျင့်ဝတ်များ



အလုပ်နဲ့ပတ်သက်တဲ့ ဌာနတခုရဲ့ ရေအိမ်သာထဲမှာ ချိတ်ထားတာလေး ဖတ်မိပြီး၊ သဘောကျလို့ ဝေမျှလိုက်ပါတယ်။ ဘိုထိုင်အိမ်သာတွေမှာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေပါ။ ဘိုထိုင်အိမ်သာနဲ့ ကျင့်သား မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်သလို၊ ကျင့်သားရှိပြီးသူတွေလည်း လိုက်နာသင့်တဲ့အချက်တွေပါ။ ကဲ..နှာခေါင်းလေး ပိတ်ပြီး ဖတ်မယ်။




Bathroom Etiquette
သန့်စင်ခန်း ကျင့်ဝတ်များ




1. After use with seat in 'down' position:
အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) 'အကျ(အထိုင်)' အနေအထား၌ အသုံးပြုပြီးနောက်..

  • Lift seat and examine all areas of commode including the under side of the seat.
  • အထိုင်ကိုမတင်လျက် အထိုင်အောက် မျက်နှာပြင်အပါအဝင် အိမ်သာအိုးနေရာအနှံ့ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။
  • Using special toilet cloth wipe (or brush), clean all residue from surfaces.
  • အိမ်သာသုံးစက္ကူကို အသုံးပြုလျက် နေရာအနှံ့ရှိ အစွန်းအထင်းများကို သုတ်သင်ရှင်းလင်းပါ။

2. After use with seat in 'up' position:
အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) 'အတင်'အနေအထား၌ အသုံးပြုပြီးနောက်..

  • Examine commode (especially the rim) for any residual matter.
  • အိမ်သာအိုး မျက်နှာပြင်အနှံ့ (အထူးသဖြင့် အိုးနှုတ်ခမ်းစပ်တလျှောက်) ၌ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။
  • Use toilet paper to clean.
  • အိမ်သာသုံးစက္ကူကို အသုံးပြုလျက် အစွန်းအထင်းများကို သန့်စင်ရှင်းလင်းပါ။

3. If odors linger, leave fan on when exiting.

အကယ်၍ အနံ့အသက်များ သင်းပျံ့ဆဲရှိနေသေးလျှင်..
သန့်စင်ခန်းရှိ ပန်ကာ(လေစုပ်စက်)ကို ဖွင့်လျက်ထားခဲ့ပါ။






Comments

  1. ကောင်းလိုက်တဲ့ ဘလော့ဂ်၊ အင်ထရိုကစပြီး ကြိုက်သွားတယ်။
    လှပတဲ့ နွေဦးလွင်ပြင်ကို ငေးမောခံစားခဲ့ပါတယ်။
    ပို့စ်အသစ်တွေကို စောင့်နေမယ်။

    ReplyDelete
  2. ကျေးဇူး အထူးတင်ပါတယ် ကိုကျော်။ အချင်းချင်း မမြှောက်ကြေး။ ကြိုးစားပါဦးမယ်။ ဒီ ပို့စ်ကတော့ ဆားချက်တယ်လို့ ပြောနိုင်ပါတယ်။ မြန်မာလိုဘာသာ ပြန်မှာပါ..။

    ReplyDelete
  3. နွေဦးလွင်ပြင် ကို လင့်ခ် လိုက်ပါတယ်။

    ကျော်

    ReplyDelete
  4. အင်း ဘီးတပ်ပြီး ဖိအားတော့ ပေးနေပြီ ထင်တယ်..ကိုကျော်ရေ။

    ReplyDelete

Post a Comment

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ