Skip to main content

Cambodian Buddhist Temple

ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း

ပြီးခဲ့တဲ့လ စက်တင်ဘာတုန်းက ဆန်ဖရန်စစ်စကိုမြို့နဲ့ ၈၃ မိုင်လောက်ဝေးတဲ့ စတော့တန်မြို့( Stockton, California ) က အသိမိတ်ဆွေတဦးဆီ အလည်သွားရင်း အလျဉ်းသင့်လို့ အဲ့ဒီမြို့မှာရှိတဲ့ ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဘုရားကျောင်း ( Cambodian Buddhist Temple )ကို ဝင်ရောက်ဖူးမျှော် လည်ပတ်ခဲ့တယ်။ ကိုယ့်ချက်ကြွေ အစွန့်ပစ်ခံ ရန်ကုန်မြို့က မြောက်ဥက္ကလာပမှာရှိတဲ့ မယ်လမုဘုရားနဲ့ အတော်တူလို့ လွမ်းဆွတ် သတိရမိပါသေးတယ်..။ ရာသီကလည်း နွေလည်ခေါင်မှာမို့ ခြောက်သွေ့ပူပြင်းလို့ တကယ့်ရန်ကုန်ကို ခဏရောက်သွားသလိုပါပဲ။ လွမ်းမိတယ် တချိန်က ရန်ကုန်လေးရယ်...။


ကျောင်းမျက်နှာစာနဲ့ အဝင်ဝ





ရုပ်တုပေါင်း ၉၀ ကျော်ရှိတယ်တဲ့..။




ဗုဒ္ဓနဲ့ အဂုင်္လိမာလ


သိဒ္ဓတ္ထမင်းသား ဆံပယ်တော်မူပုံ နှင့် ဗုဒ္ဓ မဖြစ်မီ ဒုက္ခစရိယာကျင့်စဉ်ပုံ




.................................................................................သိန္ဓောမြင်းလား မသိ..

ကမ္ဘောဒီးယား (ခမာ)မူလက်ရာ ရုပ်ထု

ဝတ်ပြုဆောင်နဲ့ အထဲက ကြေးဆင်းတုတော်

ဝတ်ပြုဆောင်အတွင်း နံရံပေါ်က ဗုဒ္ဓဝင်ရုပ်စုံ......... ကျောင်းဝင်းထဲမှာ ကြားရခဲတဲ့ ကြက်ဖတွန်သံကြောင့်လည်း မြန်မာပြည်အလွမ်း နှစ်ထပ်ကွမ်းခဲ့ရတယ်။

ဗုဒ္ဓသာသနာ မထွန်းကားသေးတဲ့ အနောက်တိုင်းနိုင်ငံကြီးတခုမှာ ဒီလောက်ကျယ်ပြန့်လှတဲ့ ကျောင်းဝင်းထဲ ခမ်းခမ်းနားနား တည်ထောင် ဆောက်လုပ်ထားပြီး၊ မြို့ကျက်သရေဆောင် လည်ပတ်စရာအဖြစ် ထိုက်ထိုက်တန်တန် နေရာပေးခံရအောင် လုပ်ဆောင်နိုင်တဲ့ ကမ္ဘောဒီးယားလူမျိုးတို့ရဲ့ ညီညွတ်စည်းလုံးလှတဲ့ စွမ်းပကားကိုတော့ဖြင့် ချီးကျူးအားကျမိတာ အမှန်ပါ။

Comments

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ဆောင်းပါးစုံ (မိုးမခ) အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျာ...

အလှည့်ကျ မနွဲ့စတမ်း၊ အမေ့အတွက် ကဗျာ နှစ်ပုဒ်

အမေဆုံးတာ ဒီနေ့ ၃ နှစ်တင်းတင်းပြည့်ပြီ။ မနေ့ တနေ့ကလိုပဲလို့ ထင်မိတယ်။ နေ့တိုင်း နောင်တ တွေနဲ့ အမေ့ကို သတိရနေမိတယ်။ အမေက အသက် ၇၆ နှစ်ထဲပဲ နေသွားခဲ့ရတာ။ အလုပ်မှာ အသက် ၈၀ကျော် ၉၀ကျော် အဖိုး အဖွားေ တွ၊ တကိုယ်တည်း သန်သန်မာမာ ခရီးသွား တာ တွေ့ရရင် အမေ့အသက်နဲ့ နှိုင်းပြီး အမေ့ကိုလည်း သူတို့လို အသက်ရှည်ရှည် နေစေချင်လိုက်တာ။ ရံဖန်ရံခါ အမေ့ အနီးတဝိုက် လှဲလှောင်းနေတဲ့ လူတွေရဲ့ ကျောက်စာတိုင်တွေ လိုက်ဖတ်ပြီး၊ အမေ့သက်တမ်းနဲ့ တန်း လိုက်ညှိမိတယ်။ အမေ့ထက် သက်တမ်းကြာကြာ ပိုနေသွားရတဲ့သူတွေ တွေ့ရတဲ့အခါ၊ အမေ သူတို့လို သက်တမ်းစေ့ မနေလိုက်ရလေချင်းလို့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အမေ့ထက် သက်တမ်းပိုတိုတဲ့သူတွေ တွေ့ပြန်တော့လည်း ဖြေသာသလို အရှိသား။ တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေ တဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နေ...